Hard disk ဆိုတာ ကွန်ပျူတာတစ်လုံးမှာမရှိမဖြစ်လိုအပ်ပြီး ကွန်ပျူတာအားလုံးမှာတွေ့ နိုင်တဲ့ device တစ်ခု ဖြစ်ပါတယ်…သူက operating system အလုပ်လုပ်ဖို့ နဲ့ data တွေကို storage လုပ်ဖို့ ဖြစ်ပါတယ်..
သူအလုပ်လုပ် တဲ့ပုံစံက ဒီ hard disk အထဲမှာ platter တွေရှိတယ် ဒီ Platter တွေဟာ spindle motor လည်တဲ့အား ကြောင့် air cushion ဖြစ်ပေါ်လာတယ် အဲဒီအချိန်မှာပဲ read/write head တွေက platter ပေါ်မှာရေးမှတ် ထားတဲ့ဒေတာ တွေကို ရေးခြင်းဖတ်ခြင်းမှတ်ခြင်းစတာတွေကိုလုပ်ဆောင်တယ်.. တစ်ခုချင်းစ်ီလုပ်ဆောင်ပုံကို အောက်မှာ ရှင်း ပြပါမယ်..
အတွင်းပိုင်းလုပ်ဆောင်ပုံ
hard disk တစ်လုံးမှာ magnetic disk လို့ ခေါ်တဲ့ platter လေးတွေဟာ လေးချပ် ဒါမှမဟုတ် ငါးချပ်ပါရှိ တတ်ကြပါတယ်..platter ပြားအရေတွက်များရင် data တော်တော်များများ ၀င်ဆံ့ ပေမဲ့ reliability အတွက်ကျ တော့ အားနည်းသွားပါတယ် အဲဒီ platter ပြားမှာ program တွေ data တွေသိမ်းဆည်း ဖို့  ဖြစ်ပါတယ်..
Geometry
Hard disk တစ်လုံးမှာ ဖိုင်တွေသိမ်းလို့ ရအောင်ဘယ်လိုစီမံထားသလဲဆိုတဲ့ geometry အကြောင့် လေ့လာကြည့်ရ အောင် desktop မှာအသုံးပြုတဲ့ ဘယ် hard disk မဆို physically အရတော့ platter ပြားတွေဟာအားလုံးsize တူ၇ွယ်တူပါပဲ....platter ပြားတစ်ပြားကိုကြည့်လိုက်ရင် သူ့ ကို thin film media လို့ ခေါ်တဲ့ ပါးလွာတဲ့ glass နဲ့ ပြုလုပ်ထားပြီးတော့မှအပေါ်ကနေ meganitic ရည်သုတ်လိမ်းထား တယ်..ဒီလိုတည်ဆောက်ပြီးတာနဲ့  ဖိုင်တွေသိမ်းလို့ ပြုလို့ မရသေးဘူး..
sector ဆိုတာ
ကတော့အငယ်ဆုံးယူနစ်ဖြစ်ပြီးတော့မှ magnetic storage area ဖြစ်ပါတယ်..သူ့ sector တစ်ခု တစ်မှာ သိမ်းဆည်းနိုင်တဲ့အရေအတွက်က 512MB ဖြစ်ပါတယ်…ဒေတာ သိမ်းပုံသိမ်းနည်းကိုပြောပြချင်ပါတယ်
သတိထားမိလားတော့မသိဘူး hard disk နဲ့  cd disc တို့ သိမ်းပုံချင်းမတူဘူး hard disk က magnetic နည်းပညာကိုသုံးပြီးသိမ်းတာဖြစ်လို့  disk လို့ ခေါ်တာဖြစ်ပြီး cd disc တွေကျတော့ laser ကိုအသုံးပြုပြီး
ultra violet light နဲ့ သိမ်းတာဖြစ် တဲ့အတွင် disc လို့ သတ်မှတ်ခဲ့ကြတယ်..အခုလည်း ဒီ hard disk မှာ Magnetic နည်းအရသိမ်းတာပါပဲ magnetic နည်းအရသိမ်းတာဖြစ်တဲ့အတွက် ကျွန်တော်တို့ တွေက
information တွေကို digital အဖြစ်သိမ်းတယ်လို့  ပြောကြပေမဲ့  ဒီplatter ပေါ်မှာတော့ Analog signal အဖြစ်နဲ့သိမ်းဆည်းပေးထားတာဖြစ်ပါတယ်.. တနည်း အားဖြင့် digital signal တွေကို Analog signal
အဖြစ်ပြောင်းသိမ်းထားပါတယ် ..
တခါ hard disk ထဲမှာရှိတဲ့  ဒေတာတွေကိုဖတ်ချင်တဲ့အခါ ယူသုံးလိုတဲ့အခါမှာလဲသူက Analog signal တွေကို Digital signal အဖြစ်ပြန်ပြောင်းပေးရတယ်..အဲလို digital signal ပြန်ပြောင်းပေးမှ ရ လာတဲ့ Information တွေကို cpu ဖတ်နိုင်မှာဖြစ်ပါတယ်.. အထဲနည်းနည်းတိုးဝင်ကြည့်ရအောင် analog signal တွေနဲ့ သိမ်းတာဆိုတော့ ဘယ်လိုများသိမ်းလဲပေါ့.. ကျွန်တော်တို့ platter ပြားပေါ်မှာ
magnetic ရည်တွေရှိတယ်လို့ ပြောခဲ့ တယ်နော်..
magnetic ရည်တွေရှိတယ်လို့ ပြောခဲ့ တယ်နော်..
အဲဒီ platter တွေပေါ်မှာသံလိုက်တုံးသေးသေးလေးတွေနေရာအနှံအများရှိတယ်လို့ မှတ်ယူလိုက် သံလိုက်တုံးလို့ ပြောလိုက်တာနဲ့ သံလိုက်တုံးမှာ မြောက်နဲ့ တောင်
ရှိတယ် north and south (N and S) ဆိုပြီးတော့ရှိတယ် အဲလိုသေးသေးလေးတွေအများကြီး၇ှိလိမ့် မယ် ဖင်ချင်းခေါင်းချင်း randomly အ၇ရှိနေလိမ့်မယ်ဒါက data ပေါ်ကြည့်ပြီး သူ့ ဘာသာသူဆောက်သွားတာ
ဥပမာ ss ကို 1 ယူမယ်ဆိုပါစို့ SN ဆိုရင် 0 ယူမယ်ပေါ့..အဲဒါကို magnetic bit လို့ ခေါ်တယ်..ဒီ Platterပြားပေါ်မှာ မြောက်မြားစွာသော သံလိုက်တုံးသေသေး လေးတွေက သနုးနဲ့ ချီပြီးတော့ရှိတယ်.. အဲလိုမတူညီတဲ့
ရှိတယ် north and south (N and S) ဆိုပြီးတော့ရှိတယ် အဲလိုသေးသေးလေးတွေအများကြီး၇ှိလိမ့် မယ် ဖင်ချင်းခေါင်းချင်း randomly အ၇ရှိနေလိမ့်မယ်ဒါက data ပေါ်ကြည့်ပြီး သူ့ ဘာသာသူဆောက်သွားတာ
ဥပမာ ss ကို 1 ယူမယ်ဆိုပါစို့ SN ဆိုရင် 0 ယူမယ်ပေါ့..အဲဒါကို magnetic bit လို့ ခေါ်တယ်..ဒီ Platterပြားပေါ်မှာ မြောက်မြားစွာသော သံလိုက်တုံးသေသေး လေးတွေက သနုးနဲ့ ချီပြီးတော့ရှိတယ်.. အဲလိုမတူညီတဲ့
SS SN NS NN တွေကို read/write head တွေကဖတ်ပေးရပါတယ်.. ဖတ်လိုက်တဲ့ data ကိုမှစောနကပြောသလို့ digital signal ပြန်ပြောင်းပေးရတာဖြစ်တယ် ဒီလိုနည်းနဲ့ data တွေကို သိမ်းတယ် ဖတ်တယ် မှတ်တယ်
ပေါ့..hard disk တွေဟာနှစ်ပေါင်းများစွာကတည်းက ပေါ်ထွန်း လာခဲ့ တာ ဒီနေ့ အချိန်ထိ သူ့ ရဲ့ ဖွဲ့  စည်းပုံဟာအရမ်းတိုးတက်ပြောင်းလဲသွားတာတော့မဟုတ်ပါဘူး အခြေခံဖွဲ့  စည်းပုံတွေဟာတူတူပါပဲ။
Actuator
Actuator ဆိုတာ voice coil motor ဖြစ်တဲ့ coilထဲ လျပ်စစ်စီးဝင်ပြီး polarity changing လုပ်ပေးမှုကြောင့် actuator arm ကိုထိန်းချုပ်ပေးရတဲ့အရာတစ်ခုဖြစ်ပါတယ်..အရင်တုန်းက servo motor တွေဆို
တစ်ထစ်ချင်းရွေ့ လျားတာဖြစ်တဲ့အတွက်ဖတ်တဲ့အခါမှာ နှေးကွေးပါတယ်..ပြီးတော့ အဲလိုရေး ဖတ်နေ တုန်းမှာ ပါဝါမရတော့ ရင် သူကအဲမှာတင်ရပ်သွားတယ် ပါဝါလာလို့ အလုပ်လုပ်ရင် ဓါးနဲ့ ခြစ်သလို လုပ်ပစ်
လိုက်တာဖြစ်တဲ့ အတွက် hard disk ကိုပျက်စီးစေပါတယ်..ဒါကြောင့် အဲလို Positional error system မဖြစ်စေဖို့ အတွက် voice coile motor လို့ ခေါ်တဲ့  liner motor နဲ့ အစားထိုးပြုလုပ်ခဲ့တာယနေ့  တိုင်ပါပဲ..liner motor ကတော့ pogwer off သော်ငြားလည်း automatically parking စနစ်ပါရှိပါတယ်..
Actuator Arm
Actuator Armဆိုတာ platter တွေပေါ်မှာအလျား လိုက်ရွေ့ လျားပြီးတော့ ဒေတာတွေ ကိုရေးဖတ်ပြု လုပ်ဖို့  ဆောင်ရွက်ပေး တယ် အဲလိုရေးဖတ်တဲ့အခါမှာလဲ အတိအကျဖြစ်အောင် Actuator arm ကို actuator ကပြုလုပ်ပေးပါ တယ်..Actuator Axis ဆိုတာ Actuar arm ရဲ့ အစွန်တစ်ခုမှာရှိပြီးတော့ အလယ်မှာရှိတယ်..အဲဒီ Axis လည်တဲ့အတွက်ကြောင့် Actuator arm လိုက်လည်ပေးတာဖြစ်တယ်
Cover mounting holes
cover mounting holes ဆိုတာ hard disk ကိုဖုံးအုပ်ဖို့ အတွက် screws များတပ်ဆင်ဖို့  အတွက် နေရာတွေ ဖြစ်ပါတယ်
Head
head ဆိုတာ တကယ်တော့ read /write head ကိုပြောတာဖြစ်တယ် ဒီ head ကdata ကိုရေးနိုင်ဖတ်နိုင်တယ်..platter ပြားတစ်ခု တစ်ခုမှာ အပေါ်အောက် head နှစ်ခုပါတယ် platter နှစ်ခုဆိုရင် read/write headလေးခုပါမယ်ပေါ့…
Interface connector
Jumpers
jumpers ဆိုတာ IDE drive တွေမှာသာပါဝင်ပြီး တော့ SATA မှာတော့မပါပါဘူး ဒါကြောင့်IDE တွေမှာဆိုရင်…connectorတပ်ဆင်တဲ့အခါ master slave ဆိုတာခွဲထားပေးရပါတယ်..IDE တစ်ကြိုးထဲမှာ HD ကော CD ROM ကောထားမယ်ဆိုရင် hard disk ကို master ထားပေးရပြီး CD ROM ကို slave မှာထားပေးရတယ်.. SATA ဆိုရင်တော့ ဒီအတိုင်းတန်းစိုက် လိုက်ရုံပါပဲ.. IDE cable တွေဟာ pin 40 ပါရှိပါတယ် အခုနောက်ပိုင်းမှာတော့ pin က40 pin 80 wire ဖြစ်သွားပြီး crosstalk ဖြစ်ချင်းမှကာကွယ်ပြီးသားဖြစ်ပြီးပိုပြီးတော့လဲမြန်သွားပါတယ်.. ATA လို့ ခေါ်တဲ့  cable version မှာအရင်တုန်းက 66/100/133MHz ဆိုပြီးအသုံးပြုခဲ့ပေမဲ့ အခုချိန်မှာတော့ ultra DMA လို့ ခေါ်တဲ့  bus mastering နည်းပညာကိုအသုံးပြုထားတဲ့အတွက်ပိုမြန်ပါတယ်..IDE power cabel ကြိုးတွေဟာဆိုရင် ကွန်ပျူတာဖွင့်နေစဉ်ဖြုတ်တပ်လုပ်လို့ 
မရဘူး sata မှာကျတော့ရ တယ် အဲဒါကို hot swap လို့ ခေါ်တယ် power shutdown လုပ်စရာမလိုပဲနဲ့ ဖြုတ်တပ်လုပ်လို့ ရတာကို hot swap ရတယ်လို့ ခေါ်တယ်..IDE cable တွေမှာဆိုရင်ကြိုးအရှည်ဟာ 18 လက်မထက်ပိုမရှည် သင့်ဘူး အဲထက်ကျော်သွားရင် data transfer လုပ်ရာမှာအနှောင့်အယှက်ဖြစ်စေတယ် SATA မှာကျတော့ အရှည် 1မီတာအသုံးပြုနိုင်တဲ့အတွက်ကြောင့် IDE cable ထက်နှစ်ဆပိုရှည်ပါတယ်..
Platter
Power connector
hard disk အတွက် power ကို 12v 5v ဖြင့်အသုံးပြုကြတယ် notebook computerတွေအတွက်ဆိုရင် 5v ကိုအသုံးပြုထား တယ်…
hard disk အတွက်ပေးတဲ့ power connector ခေါင်းလေးတွေကို molex connector လို့ ခေါ် ပါတယ်..
Ribbon cable
နောက် Ribbon cable ဆိုတာ logic board နဲ့ ဆက်သွယ်ပေးပါတယ် hard disk ကဖတ်လိုက် တာမှန် သမျှ analog signal ကို logic ဘုတ်ပေါ်သယ်ဆောင်သွားပြီး digital signalအဖြစ်ပြောင်း ပေးခြင်း
တွေကိုလုပ်ဆောင်ပေးတယ်..
Spindle motor
spindle motor ဆိုတာကတော့ platter တွေလည်ပတ်စေဖို့  အတွက် အလည်ကနေ spin လုပ်ပေး ရပါတယ်..အဲဒီ spindle motor က အပတ်ရေ3500 ကနေ 15000 RPM ရှိပါတယ် RPMဆိုတာ revolution per minute လို့ ခေါ်ပါတယ် တစ်မိနစ်မှာspindel motor လည်ပတ်တဲ့အပတ်ရေအ တွက် ဖြစ် ပါတယ် …အခု ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အသုံးအများဆုံးက 5400RPM နဲ့ 7200RPM ဖြစ်ပါတယ်.. …ကျွန်တ်ေတို့ hard disk တစ်လုံးဝယ်တဲ့အခါဒီ RPM ကိုထည့်တွက်ရပါတယ် RPM ပိုများလေ ပိုမြန်လေဖြစ်တယ် သို့ ပေမဲ့တစ်ချက်သတိထားရမည်က RPMများရင် ဒေတာကို မြန်မြန် ဆန်ဆန် ဖတ်နိုင်တာမှန်ပေမဲ့ သူ့ ကို ပေးရတဲ့power များလို့  heat တွေလည်းပိုထွက်လာပါတယ်
SCSI drive
SCSI drive ဆိုတာ သာမှန်အသုံးပြုနေတဲ့  ကွန်ပျူတာတွေမှာသုံးလေ့သုံးထမရှိပဲ work station နဲ့  server တွေမှာအသုံးပြုလေ့ ရှိတယ်..SCSI ဆိုတာ small computer system interface ဖြစ်တယ်.. SCSI မှာ နှစ်မျိုးရှိပါတယ် internal SCSI နှင့် external SCSI ဆိုပြီးရှိပါတယ် ဒီနေရာမှာ SCSI ရဲ့ အမျိုး အစားနဲ့  data transfer rate တွေ့ ကိုလေ့လာကြည့်ရအောင် SCSI1 ဟာ 25 pin ကိုအသုံးပြုပြီးတော့ transfer rate 8 bit ကိုပဲသယ်ဆောင်နိုင်တယ်..SCSI 2 က SCSI 1 နဲ့ အတူတူပဲ ဒါပေမဲ့ pin အရေ အတွက် 25 pin အစား pin 50 အစားထိုးပြုလုပ်ထားတယ်..
SCSI 1 မှာဘာမှပြောစရာမရှိပေမဲ့  SCSI 2 ကျတော့ SCSI VERSION နဲ့ ပတ်သက်ပြီးပြောစရာရှိလာ တယ်.. SCSI 2ပြီးတဲ့ အခါကျတော့ Wide SCSI က 68 pin ရှိပြီး 16bit ကို transfer လုပ်နိုင်ပါတယ် .fast SCSI က 8 bit bus ကိုအသုံးပြုပြိးတော့ double clock rate ကိုအသုံးပြုထားတာဖြစ်တဲ့အတွက် 10MBps ထိ Transfer လုပ်နိုင်တယ်..fast wide SCSI ဆိုရင် 16bit ဖြင့် 20 MBps ထိကို transfer လုပ်နိုင်တယ်…
ultra SCSI က 8 bit bus နဲ့ 20 MBps transfer လုပ်နိုင်ပါတယ်..SCSI 3 က 16 bit နဲ့ 40 MBps transfer လုပ်နိုင်တယ်.. သူကျတော့ Ultra wide SCSI လို့ လဲခေါ်တယ်..အဲတော့ ဒီSCSI 3 အောက်မှာပဲ
Ultra 2 SCSI နဲ့ wide ultra 2 SCSI ဆိုပြီးတော့ရှိသေးတယ် Ultra 2 SCSI ကတော့ 8bit 40 MBps နဲ့ wide ultra 2 SCSI ကတော့16bit 80 MBps transfer လုပ်နိုင်တယ်….
အခုဒီနေ့ မှာတော့ အားလုံးဟာ ultra DMA mode ကိုအသုံးပြုကြပါတယ် SCSI peripherals တွေဟာ SCSI port တွေကိုဖြတ်ပြီးတော့မှ daisy chain ပုံစံဆက်သွယ်ထားပါတယ် cable ဟာ host adapter ဆီကိုသွားရတယ်..အဲကမှ device 1 device 2 စသဖြင့်သွားရပါတယ်..SCSI မှာ ID လေးတွေသတ်မှတ် ထား တာရှိပါတယ် ID 0 ကနေ 7 ထိရှိနိုင်သလို ID0 မှ 16 အတွင်းလည်း ရှိပါတယ် device တွေအားလုံး တပ်ဆင်ပြီးသွားတဲ့အခါ နောက်ဆုံး device မှာ terminate ဆိုတာ တပ်ပေးရ တယ် ဘာကြောင့် တပ်ပေးရလဲဆိုတော့ echo signal တွေပြန်မလာအောင်လို့ တပ်ဆင်ပေးရခြင်း ဖြစ်ပါတယ်
Bus mastering
ကျွန်တော်တို့ နောက် bus mastering ကိုလေ့လာကြည့်ရအောင်ပြောတော့ပြောခဲ့ပြီးသားပါ bus mastering ဆိုတာ ယနေ့ ခေတ်မှာအသုံးပြုနေတဲ့ controller bus တွေမှာအသုံးပြုနေတဲ့ နည်းပညာ တစ်ခုဖြစ်ပါတယ်.. Bus mastering
hard disk ထဲကအချက်အလက်ကိုရယူဖို့ အတွက် cpu ဆီက instruction တွေတောင်းခံရ address bus ဘယ် လောက်က ဘာကိုပေးလိုက်နဲ့ အဲဒီinstruction ကိုတောင်းရတယ် စောင့်ရတယ် ဒါအချိန်ကိုပိုကြာ
စေပါတယ် ဒီအားနည်းချက်ကိုအစားထိုးပြုပြင်ဖို့ အတွက် bus mastering ကိုပြုလုပ်တီထွင်ခဲ့ကြတယ်.. သူကဘာလဲဆို တော့ စောနက cpu ဆီကို request လုပ်တာတွေလမ်းကြောင်း တောင်းတာ တွေ မလုပ်တော့ပဲနဲ့ bus mastering controller ကနေတိုက်ရိုက်လုပ်ဆောင်သွားပါတယ်.. ဒါကြောင့် ကွန်ပျူတစ်လုံးရဲ့  performance ကိုတိုးလာစေပါတယ်..
စေပါတယ် ဒီအားနည်းချက်ကိုအစားထိုးပြုပြင်ဖို့ အတွက် bus mastering ကိုပြုလုပ်တီထွင်ခဲ့ကြတယ်.. သူကဘာလဲဆို တော့ စောနက cpu ဆီကို request လုပ်တာတွေလမ်းကြောင်း တောင်းတာ တွေ မလုပ်တော့ပဲနဲ့ bus mastering controller ကနေတိုက်ရိုက်လုပ်ဆောင်သွားပါတယ်.. ဒါကြောင့် ကွန်ပျူတစ်လုံးရဲ့  performance ကိုတိုးလာစေပါတယ်..
Low level format
Low level format ဆိုတာ ကျွန်တော်တို့  hard disk မှာ ပါတဲ့ platter တွေပေါ်မှာ geometry တွေ သတ်မှတ်တာ တစ်နည်းအားဖြင့် cylinder track sector တွေကိုသတ်မှတ်ပေးတာ ဒီလိုသတ်မှတ်ပေး ပြီးရုံနဲ့ ကျွန်တော်တို့ ဒေတာတွေကိုရေးလို့ မှတ်လို့ မရသေးဘူး..platter ပြားပေါ်မှာ cylinder track sector တွေကိုဘယ်လောက်ထားမယ် ဆိုတာသတ်မှတ်ပေးခြင်းကို low level format လို့ ခေါ်ပါတယ် အရင်တုန်းကFAT 16 ခေတ်တွေသုံးတဲ့အချိန် windows 95 တွေစပေါ်တဲ့ခေတ်တုန်းကဆိုရင် Low level format ကို မိမိဘာသာသတ်မှတ်ပေးရတယ်..အခုဒီနေ့ မှာတော့ စက်ရုံကနေ Low level format တွေကိုချပေးပြီးသားဖြစ်တယ်..ဒါကြောင့် hard disk တစ်လုံးလက်ထဲေ၇ာက်လာတဲ့အချိန်မှာ high level format ချပြီးအသင့် သုံးလိုက်ရုံပါပဲ..
High level format
FAT file system
ဖိုင်တွေကို သိမ်းဆည်းဖို့  အတွက် ဖိုင် table လေးတွေတည်ဆောက်ရတယ် ဒါမှလည်းလွယ်လွယ် ကူကူရှာနိုင်မှာဖြစ်တယ်..FAT 16 ရဲ့ ဖွဲ့ စည်း ပုံကိုပြောပြ ပါမယ် hard disk တစ်လုံးရဲ့ FAT file system မှာ ဆိုရင် cluster လေးတွေဖွဲ့ စည်းထားတယ် ဥပမာ cluster size တစ်ခုကို 32KB သတ်မှတ် မယ် ထားတယ်ဆိုပါစို့  ကျွန်တော်တို့ က 20KB လောက်ရှိ တဲ့  ဖိုင်တစ်ခုကိုသိမ်းမယ် ဒါဆိုရင် cluster တစ်ခုမှာ 12 KB စီနေရာလွတ်ကျန်နေခဲ့ မယ်ပေါ့..
နောက်ထပ် ကျွန်တော်တို့ ဖိုင်သိမ်းတဲ့အခါမှာ စောနက လွတ်နေတဲ့ 12 KB မှာဆက်မသိမ်းတော့ပဲ ကျော်သွားပြီးတော့နောက် cluster အစတစ်ခုမှာ သွားသိမ်းပါတယ် အဲတော့ စောနကလို hard disk တစ်ခုလုံးမှာ အဲဒီလိုသာသိမ်းလိုက်ရင် free spaceတွေအများကြီး ဆုံးရှုံးပါ တယ်..ဒီအားနည်းချက် ကိုကြည့်ပြီးတော့ အခုနောက်ဆုံး NTFS လို့ ခေါ်တဲ့ new technology file system ကတော့ cluster size အသေးဆုံးဖြစ်ပြီးတော့ FAT 16 နဲ့ 32 နေရာကိုအစားထိုးပြီး file system အမြင့်ဆုံးအဖြစ်ကိုေ၇ာက်ရှိခဲ့  တာဖြစ်ပါတယ်…
http;//koyangon.blogspot.com
NTFS file system
NTFS က cluster size ကို ချုံ့ လိုက်ပြီး cluster တစ်ခုမှာ 4KB ပဲထားရှိပါတယ် cluster size သေးသွား တဲ့အတွက် free space တွေတိုးလာပါတယ် cluster size သေးလာတာနဲ့ အမျှ free space ပိုများများ ရလာပါတယ်.http;//koyangon.blogspot.com
NTFS file system
reliability နဲ့  security ပိုင်း မှာပါ ပိုပြီးတော့ကောင်းမွန်လာတာကိုတွေ့ ရပါတယ် NTFS system တွေ မှာ ဆိုရင် နဂိုဝင်းဒိုးတင် ထားတဲ့အထဲကမှအရေးကြီးတဲ့ဖိုင်တွေကို မှားဖျက်မိလို့ recovery ပြန်လုပ်ချင် တယ်ဆိုရင် ပြန်လုပ်လို့  ရအောင်စီစဉ် ထားတဲ့ စနစ်ကိုပါထည့်သွင်းတည်ဆောက်ထားတဲ့အတွက် အဆင်ပြေပါတယ်…
Partition အကြောင်း
Partition အကြောင်း
Partition အကြောင်းဆွေးနွေး ကြည့်ရအောင် Hard disk တစ်လုံးမှာ partition ခွဲတဲ့အခါမှာ primary နဲ့  extended ဆိုပြီးတော့ရှိတယ် တစ်ချို့ ကျတော့လဲ extended ကို secondary partition လို့ ခေါ်တယ် .hard disk တစ်လုံးမှာ primary partition ချည်းပဲထားမယ်ဆိုရင် အများဆုံး လေးပိုင်းအထိ ထားနိုင် ပါတယ်.. များသောအားဖြင့်တော့ C ကို primary ထားပြီး ကျန်တဲ့ partition ကိုတော့ extended ထားကြတာ များပါတယ်..
ဘာကြောင့်လဲဆိုတော့ extended partition မှာ logical drive တွေအများကြီးထပ်ခွဲနိုင်တာကိုး logical drive ပေါင်း24 ခုထိသတ်မှတ်ပေး ထားလို့ ရပါတယ် A B မပါပေါ့  လေ..(A B ဆိုတာက floppy drive အတွက်သတ်မှတ်ထားတဲ့ letter တွေဖြစ်ပါတယ်) windows တင်တဲ့  အခါမှာ primary ရဲ့ active ဖြစ်တဲ့  partition မှာသူက boot လုပ်သွားတာဖြစ်တယ်..ဘာကြောင့် primary partition ကို လေးခုပဲထားနိုင်သလဲ လို့ မေးစရာရှိလာနိုင် တယ်..
ဟုတ်တယ် hard disk တစ်ခုမှာ OS တင်ဖို့ အတွက် boot information အတွက် boot partition table ထဲမှာ 64 KB ပဲပါရှိတယ် boot partition table တစ်ခုမှာ 16 KB ၇ှိပါတယ်
OS လေးခုစာအတွက်ဆိုရင် 16 *4 လီ 64 ဒါကြောင့် OS လေးခု ပဲ အများ ဆုံးတင်နိုင်တာဖြစ်တယ်..ဒါကြောင့် primary partition ကို လေးပိုင်းအထိသာပိုင်းနိုင်တာဖြစ်တယ်…ok ဒါဆို ဒီလို hard disk တစ်လုံးတပ်ဆင်ပြီး ၀င်းဒိုးတင်ပြီးတာနဲ့ သုံးလို့ ရပြီလားဆိုတာ့ ရတော့၇တာပေါ့ ဒါပေမဲ့ သူ့ ကို bios setting မှာ first boot device မကြေငြာထား ပေးရင် အလုပ်မလုပ်ပါဘူး ဒါကြောင့် BIOS ထဲမှာသွားရောက်ပြီးပြင်ဆင်ပေးရတယ် ဘယ်မှာလဲဆိုတော့ Advance feature ထဲက first boot device မှာ Hard disk ကိုကြေငြာထားပေးပြီးမှအ သုံးပြုနိုင်မှာဖြစ်ပါ တယ် ….တစ်ခါတစ်ရံ first boot မှာ floppy ဖြစ်နေတာမျိုး disable ပေးထားမိတာမျိုးဖြစ်ရင် OS မတက်နိုင်တာမျိုးကြုံရတတ်ပါတယ်…
ဆွေးနွေးချက်အနှစ်ချုပ်
၁။ Hard disk ဆိုတာ ကွန်ပျူတာတစ်လုံးမှာမရှိမဖြစ်လိုအပ်ပြီး ကွန်ပျူတာအားလုံးမှာတွေ့ နိုင်တဲ့ device တစ်ခု ဖြစ်ပါတယ်…သူက operating system အလုပ်လုပ်ဖို့ နဲ့ data တွေကို storage လုပ်ဖို့ ဖြစ်တယ်..
၂။ hard disk တစ်လုံးမှာ magnetic disk လို့ ခေါ်တဲ့ platter လေးတွေဟာ လေးချပ် ဒါမှမဟုတ် ငါးချပ် ပါရှိ တတ်ကြပါတယ်..platter ပြားအရေတွက်များရင် data တော်တော်များများ ၀င်ဆံ့ ပေမဲ့ reliability အတွက်ကျတော့ အားနည်းသွားပါတယ်
၃။ hard disk က magnetic နည်းပညာ ကိုသုံးပြီးသိမ်းတာ ဖြစ်လို့  disk လို့ ခေါ်တာဖြစ်ပြီး cd disc တွေကျတော့ laser ကိုအသုံးပြုပြီး ultra violet light နဲ့ သိမ်းတာဖြစ် တဲ့အတွင် disc လို့ သတ်မှတ် ခဲ့ကြတယ်.
၎။ Low level format ဆိုတာ ကျွန်တော်တို့  hard disk မှာ ပါတဲ့ platter တွေပေါ်မှာ geometry တွေ သတ်မှတ်တာ တစ်နည်းအားဖြင့် cylinder track sector တွေကိုသတ်မှတ်ပေးတာ
၅။ high level format ဆိုတာ သိမ်းဆည်းမည့် file system တွေကိုသတ်မှတ်ပေးလိုက် တာဖြစ် ပြီး master boot record ဖန်တီးခြင်း file allocation table ဖန်တီးခြင်းတို့ ကိုလုပ်ဆောင်ပါတယ်..
၆။hard disk တစ်လုံးမှာ primary partition ချည်းပဲထားမယ်ဆိုရင် အများဆုံး လေးပိုင်းအထိပဲ ထားနိုင်ပါတယ်.
0 comments:
Post a Comment